Saturday, January 17, 2009

ဘယ်သူက လူကောင်းလဲ???

ဝတ္ထု ခေါင်းစဉ်တော့မဟုတ်ဘူးနော်။ attachment ဆင်းရင်းနဲ့ ကြုံခဲ့ရတဲ့အဖြစ်ကလေးတွေကို ပြောပြချင်လို့ပါ။ ဒီနှစ်တော့ ကျွန်မတို့ nursing student တွေ Institue of Mental Health (IMH) ကို နှစ်ပတ်သွားရပါတယ်။ လူနာတွေနဲ့ အနီးကပ်နေရင်း၊ စိတ်ရောဂါအမျိုးမျိုးကိုလည်းလေ့လာရင်းပေါ့။ စိတ်ရောဂါဝေဒနာရှင်တွေလို့ ဆိုလိုက်တာနဲ့ လူတွေကအလိုလိုကိုကြောက်ကြပါတယ်။ ဒါဟာကျွန်မတို့ society မှာ ဘယ်လိုမှပြောင်းလဲလို့ မရတော့တဲ့ ပုံသေနည်းတစ်ခုပါ။ တကယ်တော့ စိတ်ရောဂါဝေဒနာရှင်တွေဟာ ကြောက်စရာမဟုတ်သလို သနားစရာ၊ ရွံစရာလည်း မဟုတ်ပါဘူး။ စိတ်ရောဂါဝေဒနာရှင်တွေမှာ သူတို့ရဲ့စိတ်ကို ထိန်းချုပ်နိုင်စွမ်းမရှိပါဘူး။ သူတို့ရဲ့စိတ်ထဲမှာ ရှိတဲ့အတိုင်း ထုတ်ဖော်ပြောရင်ပြော၊ ဒါမှမဟုတ်ရင်လည်း ပြုမူလိုက်ကြတာပါပဲ။ သူတို့အပေါ်ကောင်းတဲ့သူကို ပြန်ကောင်းမယ်။ ဘ၀တူသူငယ်ချင်းတွေကို စောင့်ရှောက်မယ်။ အိမ်ကပို့လာတဲ့ မုန့်ကိုတောင်အချင်းချင်းမျှစားကြပါတယ်။ ကျွန်မတို့ သာမာန်လူတွေမှာရော???? ကျွန်မတို့မှာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိတယ်။ အဲဒီထိန်းချုပ်နိုင်စွမ်းကိုအသုံးပြုပြီးတော့ပဲ အချင်းချင်းအပေါ် နိုင်လိုမင်းထက်ပြုချင်ကြတယ်။ မျှဝေဖို့ဆိုတာ ဝေလာဝေးပေါ့။ ဒါကြောင့် ကျွန်မကတော့ သာမာန်လူတွေသာ ပိုကြောက်ဖို့ကောင်းတယ်လို့ ထင်ပါတယ်။ စာဖတ်သူတို့ရဲ့ အမြင်ကရော??? ဘယ်လိုရှိစ..

Tuesday, January 6, 2009

ကြောင်ချစ်သူများအတွက် :)

ကြောင်ဆိုတာ လူနဲ့အရင်းနှီးဆုံးတိရိစ္ဆာန်ပါ။ (ခွေးပြီးရင်ပေါ့လေ။) ကျမကတော့ ကြောင်ကိုပိုချစ်ပါတယ်။ အခုလည်းGoogle မှာ wallpaper ရှာရင်းစိတ်ကူးရလို့ကျမလိုပဲ ဘ၀တူကြောင်ချစ်သူများအတွက် ချစ်စရာပုံလေးအချို့တင်ပေးလိုက်ပါတယ်။ ကြောင်အကြောင်းကို အသေးစိတ်ပြည့်ပြည့်စုံစုံသိချင်ရင်တော့ ဒီဆိုဒ်မှာ ဝင်ကြည့်နိုင်ပါတယ်။












Sunday, January 4, 2009

the little nyonya


ရုပ်ရှင်ဝါသနာပါသူများအတွက် the little nyonya ဆိုတဲ့ drama series လေးတစ်ခုကို မိတ်ဆက်ပေးပါရစေ။ စလုံးမင်းသား၊ မင်းသမီးတွေ ကြိုးစားပြီးရိုက်ထားတဲ့ ကားလေးတစ်ကားပါ။ ဂျပန်ခေတ်ကိုနောက်ခံထားပြီး ရိုက်ကူးထားလို့ မြန်မာတွေအတွက်တော့ ကြည့်ရတာမစိမ်းဘူးလို့ထင်ပါတယ်။ nyonya ဆိုတဲ့လူမျိုးအကြောင်းလည်း လေ့လာလို့ရတာပေါ့။ ဇာတ်လမ်းရှည်မကြိုက်သူတွေအတွက်တော့ တော်တော်ကို သည်းခံပြီးကြည့်ရမယ့် drama ပါ။ episode ၃၀ကျော်ရှိလို့လေ။ :D ။ စိတ်ဝင်စားရင်တော့ http://www.mobtv.sg/ မှာဝင်ကြည့်နိုင်ပါတယ်။

Saturday, January 3, 2009

လက်ဆောင်ပစ္စည်းတွေရဲ့ အဓိပ္ပါယ်

၂၀၀၉ မှာ ချစ်သက်လက်ဆောင်၊ မွေးနေ့လက်ဆောင် ပေးကြမယ့် သူများ လက်ဆောင် ရှာမရလို့ အကြံအိုက်နေရင် ဒါလေးကို ဖတ်ကြည့်ကြဖို့ အကြံပြုချင်ပါတယ်၊၊

၁။ "ကိုယ့်ကို အမြဲတမ်းသတိရနေပါ" ဆိုတဲ့အဓိပ္ပါယ်နဲ့
ယောက်ျားလေးက မိန်းကလေးကိုလက်ဆောင်ပေးချင်ရင် အလှစိုက်သစ်ပင်
မိန်းကလေးက ယောက်ျားလေးကိုပေးချင်ရင် ဦးထုပ်
၂။ "မင်းရဲ့ ရည်မှန်းချက်တွေ အောင်မြင်အောင် ဆုတောင်းပေးမယ်"
ယောက်ျားလေးက မိန်းကလေးကိုလက်ဆောင်ပေးချင်ရင် စက္ကူ ကြိုးကြာရုပ်တစ်ထောင်
မိန်းကလေးက ယောက်ျားလေးကိုပေးချင်ရင် စက္ကူ ရောင်စုံကြယ်ပွင့်တစ်ထောင်
၃။ "ကိုယ့်ကိုမေ့လိုက်ပါတော"့
ယောက်ျားလေးက မိန်းကလေးကိုလက်ဆောင်ပေးချင်ရင် မီးခြစ်
မိန်းကလေးက ယောက်ျားလေးကိုလက်ဆောင်ပေးချင်ရင် ပြာခွက်
၎။ "အနေဝေးလို့မေ့မသွားနဲ့နော်"
ယောက်ျားလေးက မိန်းကလေးကိုလက်ဆောင်ပေးချင်ရင် ဒိုင်ယာရီစာအုပ်
မိန်းကလေးက ယောက်ျားလေးကိုလက်ဆောင်ပေးချင်ရင် ဖောင်တိန်၊ ဘောပင်
၅။ "မင်းအတွက်ဂုဏ်ယူပါတယ်"
ယောက်ျားလေးက မိန်းကလေးကိုလက်ဆောင်ပေးချင်ရင် ဓါတ်ပုံမှန်ဘောင်လှလှ
မိန်းကလေးက ယောက်ျားလေးကိုလက်ဆောင်ပေးချင်ရင် ဝိုင်ပုလင်း
၆။ "လွမ်းခဲ့ရသမျှတွေ မေ့ပစ်လိုက်ကြစို့"
ယောက်ျားလေးက မိန်းကလေးကိုလက်ဆောင်ပေးချင်ရင် လက်ကိုင်ပုဝါ
မိန်းကလေးက ယောက်ျားလေးကိုလက်ဆောင်ပေးချင်ရင် စားပွဲတင်ပြက္ခဒိန်
၇။ "စိတ်ဆိုးပြေပါတော့"
ယောက်ျားလေးက မိန်းကလေးကိုလက်ဆောင်ပေးချင်ရင် အဝါရောင်ပန်းပွင့်၊ ပန်းစည်း
မိန်းကလေးက ယောက်ျားလေးကိုလက်ဆောင်ပေးချင်ရင် သီချင်းဓါတ်ပြား၊ အယ်လ်ဘမ်
၈။ "ကွယ်ရာမှာ သစ္စာမဖောက်နဲ့နော်"
ယောက်ျားလေးက မိန်းကလေးကိုလက်ဆောင်ပေးချင်ရင် ကြည့်မှန်
မိန်းကလေးက ယောက်ျားလေးကိုလက်ဆောင်ပေးချင်ရင်သော့ချိတ်
၉။ "လက်ထပ်ချင်ပါပြီ"
ယောက်ျားလေးက မိန်းကလေးကိုလက်ဆောင်ပေးချင်ရင် လက်စွပ်
မိန်းကလေးက ယောက်ျားလေးကိုလက်ဆောင်ပေးချင်ရင် လက်ပတ်နာရီ
၁၀။ "သစ္စာမဲ့တယ်လို့ အထင်မလွဲပါနဲ့"
ယောက်ျားလေးက မိန်းကလေးကိုလက်ဆောင်ပေးချင်ရင် နှုတ်ခမ်းနီ
မိန်းကလေးက ယောက်ျားလေးကိုလက်ဆောင်ပေးချင်ရင် အကျီ်အဝတ်အစား
၁၁။ "တို့နှစ်ယောက်အချစ် တည်တံ့ခိုင်မြဲပါစေ"
ယောက်ျားလေးက မိန်းကလေးကိုလက်ဆောင်ပေးချင်ရင် ဖဲကြိုးချည်ပန်းစည်း
မိန်းကလေးက ယောက်ျားလေးကိုလက်ဆောင်ပေးချင်ရင် ချောကလက်ဘူး

နောက်ဆုံးအနေနဲ့ "ချစ်သူကို ဖွင့်ပြောဖို့ မဝံ့မရဲဖြစ်နေတယ်ဆိုရင်" ပေးရမယ့်လက်ဆောင်က အမွေးပွပွဝက်ဝံရုပ် ပါတဲ့။

မင်းခိုက်စိုးစံ ရဲ့ ကျောက်ဆစ်နှင်းဆီဝင်ရိုးစွန်း ထဲကနေ copy ချထားပါ။
အားလုံးပဲ နှစ်သစ်မှာပျော်ရွှင်ကြပါစေ။