Showing posts with label ခံစားချက်သံစဉ်လေးများ :). Show all posts
Showing posts with label ခံစားချက်သံစဉ်လေးများ :). Show all posts
Saturday, January 17, 2009
ဘယ်သူက လူကောင်းလဲ???
ဝတ္ထု ခေါင်းစဉ်တော့မဟုတ်ဘူးနော်။ attachment ဆင်းရင်းနဲ့ ကြုံခဲ့ရတဲ့အဖြစ်ကလေးတွေကို ပြောပြချင်လို့ပါ။ ဒီနှစ်တော့ ကျွန်မတို့ nursing student တွေ Institue of Mental Health (IMH) ကို နှစ်ပတ်သွားရပါတယ်။ လူနာတွေနဲ့ အနီးကပ်နေရင်း၊ စိတ်ရောဂါအမျိုးမျိုးကိုလည်းလေ့လာရင်းပေါ့။ စိတ်ရောဂါဝေဒနာရှင်တွေလို့ ဆိုလိုက်တာနဲ့ လူတွေကအလိုလိုကိုကြောက်ကြပါတယ်။ ဒါဟာကျွန်မတို့ society မှာ ဘယ်လိုမှပြောင်းလဲလို့ မရတော့တဲ့ ပုံသေနည်းတစ်ခုပါ။ တကယ်တော့ စိတ်ရောဂါဝေဒနာရှင်တွေဟာ ကြောက်စရာမဟုတ်သလို သနားစရာ၊ ရွံစရာလည်း မဟုတ်ပါဘူး။ စိတ်ရောဂါဝေဒနာရှင်တွေမှာ သူတို့ရဲ့စိတ်ကို ထိန်းချုပ်နိုင်စွမ်းမရှိပါဘူး။ သူတို့ရဲ့စိတ်ထဲမှာ ရှိတဲ့အတိုင်း ထုတ်ဖော်ပြောရင်ပြော၊ ဒါမှမဟုတ်ရင်လည်း ပြုမူလိုက်ကြတာပါပဲ။ သူတို့အပေါ်ကောင်းတဲ့သူကို ပြန်ကောင်းမယ်။ ဘ၀တူသူငယ်ချင်းတွေကို စောင့်ရှောက်မယ်။ အိမ်ကပို့လာတဲ့ မုန့်ကိုတောင်အချင်းချင်းမျှစားကြပါတယ်။ ကျွန်မတို့ သာမာန်လူတွေမှာရော???? ကျွန်မတို့မှာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိတယ်။ အဲဒီထိန်းချုပ်နိုင်စွမ်းကိုအသုံးပြုပြီးတော့ပဲ အချင်းချင်းအပေါ် နိုင်လိုမင်းထက်ပြုချင်ကြတယ်။ မျှဝေဖို့ဆိုတာ ဝေလာဝေးပေါ့။ ဒါကြောင့် ကျွန်မကတော့ သာမာန်လူတွေသာ ပိုကြောက်ဖို့ကောင်းတယ်လို့ ထင်ပါတယ်။ စာဖတ်သူတို့ရဲ့ အမြင်ကရော??? ဘယ်လိုရှိစ..
Subscribe to:
Posts (Atom)