Tuesday, June 16, 2009

ဒီနေ့က အရေးကြီးဆုံး

"တစ်ချိန်က အရမ်းဖြစ်ချင်ခဲ့တာတွေ ဖြစ်လာတဲ့အချိန်မှာ ငါဘာလို့ထင်ထားသလို မပျော်ရွှင်ခဲ့တာလဲ???" သူငယ်ချင်းတစ်ယောက် မေးခဲ့တဲ့မေးခွန်းလေးပါ။ ဖြစ်စဉ်ကတော့ ရိုးရိုးလေး။ သူတစ်ချိန်က အရမ်းကိုစိတ်ဝင်စားခဲ့တဲ့ ကောင်လေးတစ်ယောက်က သူ့ကို propose လုပ်လို့ပါတဲ့။ အချစ်ဆိုတာ အနေဝေးရင်သွေးအေးသွားတတ်တာကို ကျမယုံခဲ့ရပါပြီ။ တကယ်တော့သူ ဒီကောင်လေးကို တစ်ချိန်က အရူးအမူးစွဲလန်းခဲ့ဘူးပါတယ်။ မိန်းကလေးတန်မဲ့ ဖုန်းတွေဆက်၊ ဓာတ်ပုံတွေတောင်းခဲ့ဘူးတယ်။ ဒါကို သကောင့်သားက နည်းနည်းမှမလှုပ်ခဲ့ဘဲ အခုမှ အရူးအမူးဖြစ်ပြနေတော့တာကိုး။
ကျမ forward mail တစ်ခုမှာဖတ်ခဲ့ရတဲ့ စာလေးတစ်ကြောင်းကို သိပ်ကြိုက်လို့ ခုထိမှတ်ထားမိပါတယ်။ “သင်တကယ်ချစ်တဲ့သူကို ဒီနေ့ပဲ ချစ်တယ်လို့ဖွင့်ပြောလိုက်ပါ။ မနက်ဖြန်ဆိုတာ ကြိုတင်မှန်းလို့မရဘူး” တဲ့လေ။ စာဖတ်သူများလည်း ကိုယ်တကယ်ချစ်တဲ့သူရှိရင် ဒီနေ့ ပဲဖွင့်ပြောလိုက်ကြပါနော်။ ဒီနေ့မှာသူကိုယ်ကို ချစ်နေရင်ချစ်နေနိုင်တယ်လေ။ အဲ မနက်ဖြန်မှဆိုရင်တော့ good luck to u လို့ဆုတောင်းပေးရုံပဲရှိတော့တာပေါ့လေ။ :)

ဲပြန်လည်မိတ်ဆက်ခြင်း

စာမေးပွဲတွေရော၊ ကျောင်းပိတ်လို့ အိမ်ပြန်သွားတာရော၊ ကျောင်းပြန်ဖွင့်လို့ အလုပ်တွေများနေတာကြောင့်ရော (အမှန်တော့ ဆင်ခြေတွေပါ ) ဒီဘလော့လေးကို လှည့်မကြည့်နိုင်ခဲ့တာ တော်တော်ကြာပါပြီ။ ဒီအချိန်မှာမှ ပြန်မရေးရင် ဒီဘလော့လေးလည်း ဖုန်တွေတက်ပြီးပျောက်သွားတော့မှာပါ။
အဲဒါကြောင့်အခု ဖုန်သုတ် အဲလေ ပြန်ရေးရင်း ပြန်လည်မိတ်ဆက်ခြင်းပါ။ နောင်အချိန်ရလို့ အားရင်လည်း အားသလို ဝင်ကမြင်းဦးမယ်ဆိုတာ စာဖတ်သူတို့ကို ကြိုတင်အသိပေးအပ်ပါတယ်နော်။ :P