Tuesday, June 16, 2009

ဒီနေ့က အရေးကြီးဆုံး

"တစ်ချိန်က အရမ်းဖြစ်ချင်ခဲ့တာတွေ ဖြစ်လာတဲ့အချိန်မှာ ငါဘာလို့ထင်ထားသလို မပျော်ရွှင်ခဲ့တာလဲ???" သူငယ်ချင်းတစ်ယောက် မေးခဲ့တဲ့မေးခွန်းလေးပါ။ ဖြစ်စဉ်ကတော့ ရိုးရိုးလေး။ သူတစ်ချိန်က အရမ်းကိုစိတ်ဝင်စားခဲ့တဲ့ ကောင်လေးတစ်ယောက်က သူ့ကို propose လုပ်လို့ပါတဲ့။ အချစ်ဆိုတာ အနေဝေးရင်သွေးအေးသွားတတ်တာကို ကျမယုံခဲ့ရပါပြီ။ တကယ်တော့သူ ဒီကောင်လေးကို တစ်ချိန်က အရူးအမူးစွဲလန်းခဲ့ဘူးပါတယ်။ မိန်းကလေးတန်မဲ့ ဖုန်းတွေဆက်၊ ဓာတ်ပုံတွေတောင်းခဲ့ဘူးတယ်။ ဒါကို သကောင့်သားက နည်းနည်းမှမလှုပ်ခဲ့ဘဲ အခုမှ အရူးအမူးဖြစ်ပြနေတော့တာကိုး။
ကျမ forward mail တစ်ခုမှာဖတ်ခဲ့ရတဲ့ စာလေးတစ်ကြောင်းကို သိပ်ကြိုက်လို့ ခုထိမှတ်ထားမိပါတယ်။ “သင်တကယ်ချစ်တဲ့သူကို ဒီနေ့ပဲ ချစ်တယ်လို့ဖွင့်ပြောလိုက်ပါ။ မနက်ဖြန်ဆိုတာ ကြိုတင်မှန်းလို့မရဘူး” တဲ့လေ။ စာဖတ်သူများလည်း ကိုယ်တကယ်ချစ်တဲ့သူရှိရင် ဒီနေ့ ပဲဖွင့်ပြောလိုက်ကြပါနော်။ ဒီနေ့မှာသူကိုယ်ကို ချစ်နေရင်ချစ်နေနိုင်တယ်လေ။ အဲ မနက်ဖြန်မှဆိုရင်တော့ good luck to u လို့ဆုတောင်းပေးရုံပဲရှိတော့တာပေါ့လေ။ :)

ဲပြန်လည်မိတ်ဆက်ခြင်း

စာမေးပွဲတွေရော၊ ကျောင်းပိတ်လို့ အိမ်ပြန်သွားတာရော၊ ကျောင်းပြန်ဖွင့်လို့ အလုပ်တွေများနေတာကြောင့်ရော (အမှန်တော့ ဆင်ခြေတွေပါ ) ဒီဘလော့လေးကို လှည့်မကြည့်နိုင်ခဲ့တာ တော်တော်ကြာပါပြီ။ ဒီအချိန်မှာမှ ပြန်မရေးရင် ဒီဘလော့လေးလည်း ဖုန်တွေတက်ပြီးပျောက်သွားတော့မှာပါ။
အဲဒါကြောင့်အခု ဖုန်သုတ် အဲလေ ပြန်ရေးရင်း ပြန်လည်မိတ်ဆက်ခြင်းပါ။ နောင်အချိန်ရလို့ အားရင်လည်း အားသလို ဝင်ကမြင်းဦးမယ်ဆိုတာ စာဖတ်သူတို့ကို ကြိုတင်အသိပေးအပ်ပါတယ်နော်။ :P

Saturday, February 21, 2009

ပြန်စာ

ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်.. သူ့ချစ်သူ တောင်ပေါ်သူ> ချင်းမလေးဆီက စာကိုရတော့> ၀မ်းသားအားရ ဖြစ်ပြီး စာဖောက်ဖတ်တာပေါ့ ။ စာထဲမှာပါတဲ့> စာလုံးပေါင်းသတ်ပုံအမှားတွေ ၊> စကားဝဲတဲ့ လေသံအတိုင်းရေးထားတဲ့ စာကိုဖတ်မိပြီး စိတ်ညစ်ညစ်နဲ့ ရယ်ရမလို၊> ငိုရမလိုဖြစ်သွားလေရဲ့ ။ နောက်ဆုံး ကိုလုံးလည်း အမြင်ကတ်ကတ်နဲ့ သူ့ရည်းစားရဲ့စာကိုပဲ ပြင်သင့်တာပြင်ပြီး ပြန်စာအဖြစ် အောက်ကအတိုင်း ပြန်ထည့်ပေးလိုက်တော့တယ် ။

“ကိုယ်လုံး ... (စတာနဲ့ မှားပြီ.. ယပက်လက်သတ်က မလိုဘဲလျှာရှည်ပြီးထည့်တယ်) ကိုယ်လုံးမရှိထဲက မီး အလွမ်းဂျီး လွမ်းခဲ့ရပါတယ် (နင်က ခေါင်းပြတ်နေလို့လား) ။ ကိုယ်လုံး ဖာခေါင်းကို ဂျားညှပ်ပြီး (ဖာကို ခေါင်းကြားညှပ်တာ..) မျိုသွားပြီ ဆိုတာ သိတော့ (မြို့သွားတာပါဟာ..ငါလဲ ဘာအကောင်ကြီး ဖြစ်မှန်းမသိ) မီးလေ ဆိတ်ဆင်းရဲပြီး ဆားမရ အိမ်မရ ဖြစ်နေတာ (ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော.. ရှုပ်နေတာပဲ) ။
မီးအရင်လိုခြစ်နေတုန်းပါပဲ (ဂတ်စ်လည်း အတော်ကုန်လောက်ပြီ) ။ ကိုယ်လုံးလဲမီးမရှိရင် မနေတတ်တာ သိတယ် (အဲဒါကြောင့်မီးမပြတ်တဲ့ နိုင်ငံခြားတောင်သွားမလားလို့) ။
မီးကို အရင်လိုပဲ ဆွဲလန်နေတုန်းပဲလားဟင် (အမ်!) ။ မီးလည်း တနေ့နဲ့တနေ့ မြက်ရေနဲ့မြက်ခွက်ပါပဲ။
ဒါနဲ့ စဂါးမစပ် ပြီးခဲ့တဲ့လက ဘုရားပွဲလုပ်တယ်လေ။ အားပါး..အရမ်း ဆီကားပဲ (ဆီတွေဒီမှာဈေးတက်နေလို့ ပို့လိုက်စမ်းပါ) ။ ကိုယ်လုံးမပါဘဲ မီးသွားကြည့်တာ မပျော်ဘူး ဒကယ်.. (နင်က ခေါင်း ချည်းပဲ သွားကြည့်တာကိုး )။ မီးမကြည့်ဘူးဒဲ့ စတိတ်ရှိုးဆိုလား ဘာဆိုလား လာပြတယ်ကော..။ မီးကရှိုးဆို ဖဲရိုက်တာပဲ သိတာကိုး.. (ဒါတော့သိတယ်..ဟွန်း) ။ ကျားပေါက်တွေ ဆင်ပေါက်တွေ ဆိုတော့ မီးက တလိပ်ဆန်တွေ မြက်လှည့်ပြတာ ထင်တာပေါ့လေ့.. (မြက်လှည့်ပြတာတော့ ငါတောင်တတ်တယ်) ။ ဟိုရောက်တော် ကျားပေါက်ဆိုတာ.. လားလား လူကောင်ကြီး ဖြစ်နေတာပေါဝေ့.. အဲဒီအကောင်ဟာလဲ အော်လိုက်ဒါ အတံက ပြဲသကိုး တော်ရေ့ ( အသံ..အသံ!! အထင်လွဲစရာတွေဖြစ်တော့မယ်) ။ တို့ရွာက သုတ်ကြီးဆိုရင် (တုတ်ကြီးလုပ်ပါဟာ.) မျိုကြီးဆိုတဲ့ အဆို့တော်ကိုအားကြလို့ အော်တာ အတံဝင်လို့တဲ့...တ အ..အား အော်နေတာလေ (အော်..အတံဝင်လို့ အ အ လို့အော်နေတယ်..ငါနော်! ) ။
နောက်ပြီး မီးကို နမချင်းမစာနာ (နင်ကိုယ်တိုင်လည်း နွားမဖြစ်တော့မယ်) အတေပိုးခဲ့တဲ့ ဖိုးဇန်ကို သိတယ်ဟုတ်..။
မီး ဘကြီးအောင်းနေတဲ့ (ဘကြီးအောင်..ဘကြီးအောင်..တစ်မျိုးလုံး တိရိစ္ဆာန်ဇာတ်သွင်းနေသလားမှတ်တယ်)ယက်ကွက်က တာဇန်လေ။ (သာစံပါဟာ..သူကြည့်ဖူးတဲ့ ဗီဒီယိုကားတွေပါလာပြန်ပြီ)ဒင်းက ခု မိန်းမရလို့ ရှေ့အင်္ဂါဆို သူ့မိန်းမ ကလေးမွေးမယ်တော်ရေ့ .. နံမယ်ပေး ကင်ပွန်းချဉ်ဟင်းချက် လုပ်မလို့ ကျံနေပီလေ (ကင်ပွန်းတပ်တာ..သူ့အလှည့်မှ ကင်ပွန်းချဉ်ဟင်းချက်တယ်လို့ပဲ) ။
စနေမောင်မောင်တို့ ၊ နိုင်နိုင်းစနေတို့ ၊ ဖိုးသောကြာတို့ကိုအားကျလို့တဲ့အေ... သားလေး မြွေရင် နံမယ်မှာ နေ့နံပါအောင် ဖိုအင်္ဂါလို့ပေးမတဲ့ ။(ဖိုးအင်္ဂါလုပ်ပါဟ ။ ခုမှ ၀တ်စနှစ်လုံးပေါက်က ကျန်ခဲ့ရသလား ။ တကတဲ.
ဟိုကောင်ကလည်း သမီးမွေးရင် မအင်္ဂါ လုပ်မလားမသိဘူး..နာမည်က အပေါက်ရှာရှာ..အဲလေ ပေါက်ပေါက်ရှာရှာ ပေးတယ်) ။ မီးတို့လည်း အဲလို> ဘယ်ဒေါ့ အတူတူနေရမလဲမသိဘူးနော်... ။
ုကိုယ်ရယ်..မီး အရန်လွမ်းတာပဲ (လွမ်းတာပဲ အရန်တွေ line-up တွေ> လွမ်းချင်သေးတယ်) ။
မီးလည်း မျိုလိုက်ချင်ပေမယ့် (မျိုသာချလိုက်တော့) ..ဆီးပွားရေက အဆင်မပြေဘူးလေး..။ မီးလည်း ချီးစားနေရတော့ (အေးပါ စားစား) အကြွေးတွေလည်း အလီလီ (တန်းပြင်ပေးလိုက်တယ်) ပဲ ။
မျိုသူတွေနဲ့ တွေ့ပီးတောင်းပေါ်က ခြင်မကို မေ့မတွားပါနဲ့ (တောင်ပေါ်က ချင်းမကိုမမေ့ဘူးဟေ့..တသက်လုံး)
ကိုယ်လုံး ပျံလာပါနော်(တောင်ပံပေါက်တဲ့နေ့ထိစောင့်ပေတော့) ။ မီးဆောင့်နေမယ်.. မီး ဆောင့်ပြီးရင်း ဆောင့်နေမှာပါ (အေး..တိုင်နဲ့ခေါင်းနဲ့သာ သေအောင်ဆောင့်ပေတော့)။
မီးစာ ရှည်သွားပီမို့ တော်သေပီ (မီးစာကုန်ပြီး မီးသေမှပဲ)
ခြစ်တဲ့မီး (မီးခြစ်ပေါ့)
*စပလင်မှားရင်ခွင်လွှတ်ပါ*”
(စာလုံးပေါင်းသာမတတ်တယ် ဘိုလိုမှုတ်ချင်သေးတယ်။ နောက်ဆို စပလင်တင်မကဘူး..> ငရုပ်ကောင်းတွေပါ ပါလာနိုင်တယ်) :'(>

forward mail ကနေ ရလို့ ပျော်စေပျက်စေသဘောနဲ့ share လိုက်တာပါ။ လွန်တာရှိ ၀န်တာမိပါလို့ :P

Friday, February 6, 2009

ရင်ဘတ်ထဲက နေ့စွဲများ

၂၉.၉.၀၈
ငါ့ဆန္ဒတွေ အမှန်တကယ် ပြည့်ဝခဲ့ပြီပေါ့။ နင်နဲ့ ငါ့ကိုမိတ်ဆက်ပေးခဲ့တဲ့ ငါ့သူငယ်ချင်းကို ထပ်ခါတလည်းလည်းကို ကျေးဇူးတင်နေမိတာပါ။ ဘာလို့လဲဆိုတော့ ဒီလိုနေ့ကိုရောက်ဖို့ ငါအချိန်တွေအများကြီးစောင့်ခဲ့ရတာကိုး....။
၃၀.၉.၀၈
နင်ခေါ်လို့ နင်တို့ကျောင်းကို ငါရောက်လာခဲ့တယ်။ အဲဒီနေ့က နင်ဝယ်ကျွေးခဲ့တဲ့ ယမ်ယမ်ချဉ်စပ်တစ်ပွဲဟာ စင်္ကာပူဒေါ်လာ ၇ ကျပ်ပေးရတဲ့ ကိုရီးယားထမင်းသုပ်တစ်ပွဲကို မမီဘူးလို့ငါပြောရင် နင်ယုံပါ့မလား မသိဘူး။ တကယ်ရေးမှာမဟုတ်မှန်းသိပေမယ့် စာရေးလိုက်မယ် လို့ပြောတဲ့နင့်ကို ငါ့အိမ်လိပ်စာရော၊ အီးမေးလိပ်စာကိုပါ ရက်ရက်ရောရောပေးခဲ့ပါတယ်ဟာ။
၈.၁၁.၀၈
ငါစင်္ကာပူ ပြန်ရောက်ပြီးတစ်လကျော်ကြာတာတောင် နင့်ဆီကဘာသတင်းမှမရခဲ့ဘူး။ ဒီနေ့တော့ စိတ်ထဲမှာထူးခြားနေလို့ မနက်နိုးနိုးချင်းမေးလ်စစ်ကြည့်တော့ တိုက်ဆိုင်စွာပဲနင့်အီးမေးနှစ်စောင်က ကြိုနေခဲ့တယ်။ ငါပျော်လွန်းလို့ရယ်နေတာကို သူငယ်ချင်းတွေက ရူးသွားပြီလို့တောင် ထင်နေကြတယ်လေ။

နင်နဲ့ chat ခဲ့ရတဲ့ ကြာသပတေးနေ့တိုင်းကို ငါ့ဦးနှောက်ထဲမှာ သော့ခတ်ပြီးသိမ်းထားတယ်။ ငါ့မွေးနေ့ကိုအတင်းမေးပြီး တကယ်တမ်းမွေးနေ့ရောက်လို့ အရဲစွန့်ပြီးဖုန်းဆက်ခဲ့တဲ့ ငါ့ကို ပြန်ပြောတဲ့နင့်ရဲ့လေသံတွေက လေးနက်မှုမရှိမှန်းသိသာလွန်းတယ်ဟာ။ ဘယ်လောက်တောင်လည်းဆိုတော့ happy birthday ပြောဖို့တောင်နင်မေ့နေခဲ့တယ်လေ။ ဒါပေမယ့်လည်း ငါစိတ်မဆိုးခဲ့ပါဘူး။ စိတ်ဆိုးဖို့ မေ့နေခဲ့တယ်ဆိုရင်တော့ ပိုမှန်လိမ့်မယ်။
၃.၁.၀၉
မနေ့က ငါဘုရားမှာဆုတောင်းခဲ့တယ်။ ငါ့အပေါ်ထားတဲ့နင်ရဲ့မေတ္တာမှန်ရင် ဒီနေ့နင် online လာပါစေလို့လေ။ နင်လာမယ်ဆိုတာလည်းငါသိနေသလိုပဲ။ အမှန်တကယ်ပါပဲ၊ နင်ရောက်လာခဲ့တယ်။ ငါအယောင်ယောင်အမှားမှားနဲ့ လက်တွေတုန်ပြီး စာလုံးပေါင်းတွေမှားရိုက်တာကိုတော့ နင်သတိမထားမိခဲ့ပါဘူး။ နင်ငါ့မွေးနေ့ကို မသိခဲ့ပေမယ့် ငါကတော့နင့်မွေးနေ့ကိုသိနေခဲ့ပါတယ်။ မွေးနေ့မှမဟုတ်ပါဘူး၊ နင်နဲ့ပတ်သက် တဲ့အရာမှန်သမျှကို ငါသိအောင်ကြိုးစားထားခဲ့တာပါ။ နင့် gmail password ကိုပါငါသိနေခဲ့တယ်ဆိုရင် နင်အံ့သြနေမလား???
၇.၂.၀၉
happy birthday ပါ။ နင့်ကို birthday wish လုပ်ခွင့်ရတဲ့အတွက် ငါအရမ်းဝမ်းသာပါတယ်။ နောက်နှစ်ကိုလည်း ငါ birthday wish လုပ်ခွင့်ရှိဖို့ မျှော်လင့်ပါတယ်ဟာ။
မေတ္တာဆိုတာရောင်ပြန်ဟပ်တတ်တာ ငါယုံသွားပါပြီ။ ဒါပေမယ့် ဒီထက်ပိုပြီးတော့,တော့ ငါဘာကိုမှမမျှော်လင့်ထားပါဘူးဟာ။ ဘာလို့လဲဆိုတော့ နင့်ဘေးမှာ နင့်ရဲ့သူငယ်ချင်းအဖြစ် ငါထာဝရ ရပ်တည်နေချင်လို့၊ နောင်နှစ်ပေါင်းများစွာမှာလာမယ့် နင့်ရဲ့မွေးနေ့တိုင်းကို ငါ birthday wish လုပ်ပေးချင်လို့ပါ။

Saturday, January 17, 2009

ဘယ်သူက လူကောင်းလဲ???

ဝတ္ထု ခေါင်းစဉ်တော့မဟုတ်ဘူးနော်။ attachment ဆင်းရင်းနဲ့ ကြုံခဲ့ရတဲ့အဖြစ်ကလေးတွေကို ပြောပြချင်လို့ပါ။ ဒီနှစ်တော့ ကျွန်မတို့ nursing student တွေ Institue of Mental Health (IMH) ကို နှစ်ပတ်သွားရပါတယ်။ လူနာတွေနဲ့ အနီးကပ်နေရင်း၊ စိတ်ရောဂါအမျိုးမျိုးကိုလည်းလေ့လာရင်းပေါ့။ စိတ်ရောဂါဝေဒနာရှင်တွေလို့ ဆိုလိုက်တာနဲ့ လူတွေကအလိုလိုကိုကြောက်ကြပါတယ်။ ဒါဟာကျွန်မတို့ society မှာ ဘယ်လိုမှပြောင်းလဲလို့ မရတော့တဲ့ ပုံသေနည်းတစ်ခုပါ။ တကယ်တော့ စိတ်ရောဂါဝေဒနာရှင်တွေဟာ ကြောက်စရာမဟုတ်သလို သနားစရာ၊ ရွံစရာလည်း မဟုတ်ပါဘူး။ စိတ်ရောဂါဝေဒနာရှင်တွေမှာ သူတို့ရဲ့စိတ်ကို ထိန်းချုပ်နိုင်စွမ်းမရှိပါဘူး။ သူတို့ရဲ့စိတ်ထဲမှာ ရှိတဲ့အတိုင်း ထုတ်ဖော်ပြောရင်ပြော၊ ဒါမှမဟုတ်ရင်လည်း ပြုမူလိုက်ကြတာပါပဲ။ သူတို့အပေါ်ကောင်းတဲ့သူကို ပြန်ကောင်းမယ်။ ဘ၀တူသူငယ်ချင်းတွေကို စောင့်ရှောက်မယ်။ အိမ်ကပို့လာတဲ့ မုန့်ကိုတောင်အချင်းချင်းမျှစားကြပါတယ်။ ကျွန်မတို့ သာမာန်လူတွေမှာရော???? ကျွန်မတို့မှာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိတယ်။ အဲဒီထိန်းချုပ်နိုင်စွမ်းကိုအသုံးပြုပြီးတော့ပဲ အချင်းချင်းအပေါ် နိုင်လိုမင်းထက်ပြုချင်ကြတယ်။ မျှဝေဖို့ဆိုတာ ဝေလာဝေးပေါ့။ ဒါကြောင့် ကျွန်မကတော့ သာမာန်လူတွေသာ ပိုကြောက်ဖို့ကောင်းတယ်လို့ ထင်ပါတယ်။ စာဖတ်သူတို့ရဲ့ အမြင်ကရော??? ဘယ်လိုရှိစ..

Tuesday, January 6, 2009

ကြောင်ချစ်သူများအတွက် :)

ကြောင်ဆိုတာ လူနဲ့အရင်းနှီးဆုံးတိရိစ္ဆာန်ပါ။ (ခွေးပြီးရင်ပေါ့လေ။) ကျမကတော့ ကြောင်ကိုပိုချစ်ပါတယ်။ အခုလည်းGoogle မှာ wallpaper ရှာရင်းစိတ်ကူးရလို့ကျမလိုပဲ ဘ၀တူကြောင်ချစ်သူများအတွက် ချစ်စရာပုံလေးအချို့တင်ပေးလိုက်ပါတယ်။ ကြောင်အကြောင်းကို အသေးစိတ်ပြည့်ပြည့်စုံစုံသိချင်ရင်တော့ ဒီဆိုဒ်မှာ ဝင်ကြည့်နိုင်ပါတယ်။












Sunday, January 4, 2009

the little nyonya


ရုပ်ရှင်ဝါသနာပါသူများအတွက် the little nyonya ဆိုတဲ့ drama series လေးတစ်ခုကို မိတ်ဆက်ပေးပါရစေ။ စလုံးမင်းသား၊ မင်းသမီးတွေ ကြိုးစားပြီးရိုက်ထားတဲ့ ကားလေးတစ်ကားပါ။ ဂျပန်ခေတ်ကိုနောက်ခံထားပြီး ရိုက်ကူးထားလို့ မြန်မာတွေအတွက်တော့ ကြည့်ရတာမစိမ်းဘူးလို့ထင်ပါတယ်။ nyonya ဆိုတဲ့လူမျိုးအကြောင်းလည်း လေ့လာလို့ရတာပေါ့။ ဇာတ်လမ်းရှည်မကြိုက်သူတွေအတွက်တော့ တော်တော်ကို သည်းခံပြီးကြည့်ရမယ့် drama ပါ။ episode ၃၀ကျော်ရှိလို့လေ။ :D ။ စိတ်ဝင်စားရင်တော့ http://www.mobtv.sg/ မှာဝင်ကြည့်နိုင်ပါတယ်။

Saturday, January 3, 2009

လက်ဆောင်ပစ္စည်းတွေရဲ့ အဓိပ္ပါယ်

၂၀၀၉ မှာ ချစ်သက်လက်ဆောင်၊ မွေးနေ့လက်ဆောင် ပေးကြမယ့် သူများ လက်ဆောင် ရှာမရလို့ အကြံအိုက်နေရင် ဒါလေးကို ဖတ်ကြည့်ကြဖို့ အကြံပြုချင်ပါတယ်၊၊

၁။ "ကိုယ့်ကို အမြဲတမ်းသတိရနေပါ" ဆိုတဲ့အဓိပ္ပါယ်နဲ့
ယောက်ျားလေးက မိန်းကလေးကိုလက်ဆောင်ပေးချင်ရင် အလှစိုက်သစ်ပင်
မိန်းကလေးက ယောက်ျားလေးကိုပေးချင်ရင် ဦးထုပ်
၂။ "မင်းရဲ့ ရည်မှန်းချက်တွေ အောင်မြင်အောင် ဆုတောင်းပေးမယ်"
ယောက်ျားလေးက မိန်းကလေးကိုလက်ဆောင်ပေးချင်ရင် စက္ကူ ကြိုးကြာရုပ်တစ်ထောင်
မိန်းကလေးက ယောက်ျားလေးကိုပေးချင်ရင် စက္ကူ ရောင်စုံကြယ်ပွင့်တစ်ထောင်
၃။ "ကိုယ့်ကိုမေ့လိုက်ပါတော"့
ယောက်ျားလေးက မိန်းကလေးကိုလက်ဆောင်ပေးချင်ရင် မီးခြစ်
မိန်းကလေးက ယောက်ျားလေးကိုလက်ဆောင်ပေးချင်ရင် ပြာခွက်
၎။ "အနေဝေးလို့မေ့မသွားနဲ့နော်"
ယောက်ျားလေးက မိန်းကလေးကိုလက်ဆောင်ပေးချင်ရင် ဒိုင်ယာရီစာအုပ်
မိန်းကလေးက ယောက်ျားလေးကိုလက်ဆောင်ပေးချင်ရင် ဖောင်တိန်၊ ဘောပင်
၅။ "မင်းအတွက်ဂုဏ်ယူပါတယ်"
ယောက်ျားလေးက မိန်းကလေးကိုလက်ဆောင်ပေးချင်ရင် ဓါတ်ပုံမှန်ဘောင်လှလှ
မိန်းကလေးက ယောက်ျားလေးကိုလက်ဆောင်ပေးချင်ရင် ဝိုင်ပုလင်း
၆။ "လွမ်းခဲ့ရသမျှတွေ မေ့ပစ်လိုက်ကြစို့"
ယောက်ျားလေးက မိန်းကလေးကိုလက်ဆောင်ပေးချင်ရင် လက်ကိုင်ပုဝါ
မိန်းကလေးက ယောက်ျားလေးကိုလက်ဆောင်ပေးချင်ရင် စားပွဲတင်ပြက္ခဒိန်
၇။ "စိတ်ဆိုးပြေပါတော့"
ယောက်ျားလေးက မိန်းကလေးကိုလက်ဆောင်ပေးချင်ရင် အဝါရောင်ပန်းပွင့်၊ ပန်းစည်း
မိန်းကလေးက ယောက်ျားလေးကိုလက်ဆောင်ပေးချင်ရင် သီချင်းဓါတ်ပြား၊ အယ်လ်ဘမ်
၈။ "ကွယ်ရာမှာ သစ္စာမဖောက်နဲ့နော်"
ယောက်ျားလေးက မိန်းကလေးကိုလက်ဆောင်ပေးချင်ရင် ကြည့်မှန်
မိန်းကလေးက ယောက်ျားလေးကိုလက်ဆောင်ပေးချင်ရင်သော့ချိတ်
၉။ "လက်ထပ်ချင်ပါပြီ"
ယောက်ျားလေးက မိန်းကလေးကိုလက်ဆောင်ပေးချင်ရင် လက်စွပ်
မိန်းကလေးက ယောက်ျားလေးကိုလက်ဆောင်ပေးချင်ရင် လက်ပတ်နာရီ
၁၀။ "သစ္စာမဲ့တယ်လို့ အထင်မလွဲပါနဲ့"
ယောက်ျားလေးက မိန်းကလေးကိုလက်ဆောင်ပေးချင်ရင် နှုတ်ခမ်းနီ
မိန်းကလေးက ယောက်ျားလေးကိုလက်ဆောင်ပေးချင်ရင် အကျီ်အဝတ်အစား
၁၁။ "တို့နှစ်ယောက်အချစ် တည်တံ့ခိုင်မြဲပါစေ"
ယောက်ျားလေးက မိန်းကလေးကိုလက်ဆောင်ပေးချင်ရင် ဖဲကြိုးချည်ပန်းစည်း
မိန်းကလေးက ယောက်ျားလေးကိုလက်ဆောင်ပေးချင်ရင် ချောကလက်ဘူး

နောက်ဆုံးအနေနဲ့ "ချစ်သူကို ဖွင့်ပြောဖို့ မဝံ့မရဲဖြစ်နေတယ်ဆိုရင်" ပေးရမယ့်လက်ဆောင်က အမွေးပွပွဝက်ဝံရုပ် ပါတဲ့။

မင်းခိုက်စိုးစံ ရဲ့ ကျောက်ဆစ်နှင်းဆီဝင်ရိုးစွန်း ထဲကနေ copy ချထားပါ။
အားလုံးပဲ နှစ်သစ်မှာပျော်ရွှင်ကြပါစေ။