Showing posts with label ရင်ခုန်သံတစ်ချို့ :). Show all posts
Showing posts with label ရင်ခုန်သံတစ်ချို့ :). Show all posts

Tuesday, June 16, 2009

ဒီနေ့က အရေးကြီးဆုံး

"တစ်ချိန်က အရမ်းဖြစ်ချင်ခဲ့တာတွေ ဖြစ်လာတဲ့အချိန်မှာ ငါဘာလို့ထင်ထားသလို မပျော်ရွှင်ခဲ့တာလဲ???" သူငယ်ချင်းတစ်ယောက် မေးခဲ့တဲ့မေးခွန်းလေးပါ။ ဖြစ်စဉ်ကတော့ ရိုးရိုးလေး။ သူတစ်ချိန်က အရမ်းကိုစိတ်ဝင်စားခဲ့တဲ့ ကောင်လေးတစ်ယောက်က သူ့ကို propose လုပ်လို့ပါတဲ့။ အချစ်ဆိုတာ အနေဝေးရင်သွေးအေးသွားတတ်တာကို ကျမယုံခဲ့ရပါပြီ။ တကယ်တော့သူ ဒီကောင်လေးကို တစ်ချိန်က အရူးအမူးစွဲလန်းခဲ့ဘူးပါတယ်။ မိန်းကလေးတန်မဲ့ ဖုန်းတွေဆက်၊ ဓာတ်ပုံတွေတောင်းခဲ့ဘူးတယ်။ ဒါကို သကောင့်သားက နည်းနည်းမှမလှုပ်ခဲ့ဘဲ အခုမှ အရူးအမူးဖြစ်ပြနေတော့တာကိုး။
ကျမ forward mail တစ်ခုမှာဖတ်ခဲ့ရတဲ့ စာလေးတစ်ကြောင်းကို သိပ်ကြိုက်လို့ ခုထိမှတ်ထားမိပါတယ်။ “သင်တကယ်ချစ်တဲ့သူကို ဒီနေ့ပဲ ချစ်တယ်လို့ဖွင့်ပြောလိုက်ပါ။ မနက်ဖြန်ဆိုတာ ကြိုတင်မှန်းလို့မရဘူး” တဲ့လေ။ စာဖတ်သူများလည်း ကိုယ်တကယ်ချစ်တဲ့သူရှိရင် ဒီနေ့ ပဲဖွင့်ပြောလိုက်ကြပါနော်။ ဒီနေ့မှာသူကိုယ်ကို ချစ်နေရင်ချစ်နေနိုင်တယ်လေ။ အဲ မနက်ဖြန်မှဆိုရင်တော့ good luck to u လို့ဆုတောင်းပေးရုံပဲရှိတော့တာပေါ့လေ။ :)

Friday, February 6, 2009

ရင်ဘတ်ထဲက နေ့စွဲများ

၂၉.၉.၀၈
ငါ့ဆန္ဒတွေ အမှန်တကယ် ပြည့်ဝခဲ့ပြီပေါ့။ နင်နဲ့ ငါ့ကိုမိတ်ဆက်ပေးခဲ့တဲ့ ငါ့သူငယ်ချင်းကို ထပ်ခါတလည်းလည်းကို ကျေးဇူးတင်နေမိတာပါ။ ဘာလို့လဲဆိုတော့ ဒီလိုနေ့ကိုရောက်ဖို့ ငါအချိန်တွေအများကြီးစောင့်ခဲ့ရတာကိုး....။
၃၀.၉.၀၈
နင်ခေါ်လို့ နင်တို့ကျောင်းကို ငါရောက်လာခဲ့တယ်။ အဲဒီနေ့က နင်ဝယ်ကျွေးခဲ့တဲ့ ယမ်ယမ်ချဉ်စပ်တစ်ပွဲဟာ စင်္ကာပူဒေါ်လာ ၇ ကျပ်ပေးရတဲ့ ကိုရီးယားထမင်းသုပ်တစ်ပွဲကို မမီဘူးလို့ငါပြောရင် နင်ယုံပါ့မလား မသိဘူး။ တကယ်ရေးမှာမဟုတ်မှန်းသိပေမယ့် စာရေးလိုက်မယ် လို့ပြောတဲ့နင့်ကို ငါ့အိမ်လိပ်စာရော၊ အီးမေးလိပ်စာကိုပါ ရက်ရက်ရောရောပေးခဲ့ပါတယ်ဟာ။
၈.၁၁.၀၈
ငါစင်္ကာပူ ပြန်ရောက်ပြီးတစ်လကျော်ကြာတာတောင် နင့်ဆီကဘာသတင်းမှမရခဲ့ဘူး။ ဒီနေ့တော့ စိတ်ထဲမှာထူးခြားနေလို့ မနက်နိုးနိုးချင်းမေးလ်စစ်ကြည့်တော့ တိုက်ဆိုင်စွာပဲနင့်အီးမေးနှစ်စောင်က ကြိုနေခဲ့တယ်။ ငါပျော်လွန်းလို့ရယ်နေတာကို သူငယ်ချင်းတွေက ရူးသွားပြီလို့တောင် ထင်နေကြတယ်လေ။

နင်နဲ့ chat ခဲ့ရတဲ့ ကြာသပတေးနေ့တိုင်းကို ငါ့ဦးနှောက်ထဲမှာ သော့ခတ်ပြီးသိမ်းထားတယ်။ ငါ့မွေးနေ့ကိုအတင်းမေးပြီး တကယ်တမ်းမွေးနေ့ရောက်လို့ အရဲစွန့်ပြီးဖုန်းဆက်ခဲ့တဲ့ ငါ့ကို ပြန်ပြောတဲ့နင့်ရဲ့လေသံတွေက လေးနက်မှုမရှိမှန်းသိသာလွန်းတယ်ဟာ။ ဘယ်လောက်တောင်လည်းဆိုတော့ happy birthday ပြောဖို့တောင်နင်မေ့နေခဲ့တယ်လေ။ ဒါပေမယ့်လည်း ငါစိတ်မဆိုးခဲ့ပါဘူး။ စိတ်ဆိုးဖို့ မေ့နေခဲ့တယ်ဆိုရင်တော့ ပိုမှန်လိမ့်မယ်။
၃.၁.၀၉
မနေ့က ငါဘုရားမှာဆုတောင်းခဲ့တယ်။ ငါ့အပေါ်ထားတဲ့နင်ရဲ့မေတ္တာမှန်ရင် ဒီနေ့နင် online လာပါစေလို့လေ။ နင်လာမယ်ဆိုတာလည်းငါသိနေသလိုပဲ။ အမှန်တကယ်ပါပဲ၊ နင်ရောက်လာခဲ့တယ်။ ငါအယောင်ယောင်အမှားမှားနဲ့ လက်တွေတုန်ပြီး စာလုံးပေါင်းတွေမှားရိုက်တာကိုတော့ နင်သတိမထားမိခဲ့ပါဘူး။ နင်ငါ့မွေးနေ့ကို မသိခဲ့ပေမယ့် ငါကတော့နင့်မွေးနေ့ကိုသိနေခဲ့ပါတယ်။ မွေးနေ့မှမဟုတ်ပါဘူး၊ နင်နဲ့ပတ်သက် တဲ့အရာမှန်သမျှကို ငါသိအောင်ကြိုးစားထားခဲ့တာပါ။ နင့် gmail password ကိုပါငါသိနေခဲ့တယ်ဆိုရင် နင်အံ့သြနေမလား???
၇.၂.၀၉
happy birthday ပါ။ နင့်ကို birthday wish လုပ်ခွင့်ရတဲ့အတွက် ငါအရမ်းဝမ်းသာပါတယ်။ နောက်နှစ်ကိုလည်း ငါ birthday wish လုပ်ခွင့်ရှိဖို့ မျှော်လင့်ပါတယ်ဟာ။
မေတ္တာဆိုတာရောင်ပြန်ဟပ်တတ်တာ ငါယုံသွားပါပြီ။ ဒါပေမယ့် ဒီထက်ပိုပြီးတော့,တော့ ငါဘာကိုမှမမျှော်လင့်ထားပါဘူးဟာ။ ဘာလို့လဲဆိုတော့ နင့်ဘေးမှာ နင့်ရဲ့သူငယ်ချင်းအဖြစ် ငါထာဝရ ရပ်တည်နေချင်လို့၊ နောင်နှစ်ပေါင်းများစွာမှာလာမယ့် နင့်ရဲ့မွေးနေ့တိုင်းကို ငါ birthday wish လုပ်ပေးချင်လို့ပါ။