Showing posts with label အရူးထခြင်း. Show all posts
Showing posts with label အရူးထခြင်း. Show all posts

Saturday, February 20, 2010

ဆွံ့အခြင်း

နင်နဲ့တွေ့ရင်
ပြောဖို့အတွက် သိမ်းထားခဲ့တဲ့
အကြောင်းအရာတွေအများကြီးရှိခဲ့တယ်။

နင်နဲ့တွေ့ရင်
ပြောမယ်လို့တွေးပြီး
စိတ်ကူးနဲ့ ကြည်နူးခဲ့ဖူးတယ်။

နင်နဲ့တွေ့ရင်
ပြောပြနိုင်ဖို့ ငါ့အချိန်တွေကိုစုပြီး
နင့်ကိုထိုင်စောင့်ခဲ့ဖူးတယ်။

တကယ်တမ်း နင်နဲ့တွေ့တဲ့အခါ
အဲဒီစိတ်တွေပျောက်ပြီး မကျေနပ်မှုပဲ
ငါရခဲ့တယ်။

တချိန်တုန်းကတော့ ပြောပြစရာမလိုအောင်
အကြည့်နဲ့ခံစားချက်တွေကို ဖလှယ်နိုင်ခဲ့ပြီး
အနီးဆုံးရှိနေတဲ့အချိန်ကျမှ ငါတို့ရင်တွေဘာလို့ဝေးသွားရတာလဲ????

ကဗျာမရေးတတ်ပါဘူး။ ဒါကိုလည်း ကဗျာလို့တော့ မခေါ်နိုင်ဘူးထင်ပါတယ်။ ပို့စ်မှာတင်ထားသလို ခဏလေးအရူးထကြည့်တာပါ။ သည်းခံဖတ်ပေးကြတဲ့ သူအားလုံးကိုကျေးဇူး အထူးတင်ပါကြောင်း ။ =)